ပျော်ရွှင်နေတဲ့ ညီအကို မောင်နှမတွေ ကိုတွေ့ ရင် .. ငါ မျက်ရည် ၀ဲ မိတယ်။
ငါတို့  မောင်နှမ ၅ ယောက် ရှိပေမဲ့ ... ငါတို့ ဟာ သူစိမ်း တွေ ထက်ပိုဆိုး ပါတယ်။
ငယ်စဉ် ဘ၀ ထဲ က အတူတူ မကြီး ပြင်းခဲ့ရတော့ ... တယောက် ကို တယောက် ကူညီချင်တဲ့ စိတ် .. စာနာတဲ့ စိတ် ... ရိုသေ လေးစား ရမဲ့စိတ် .. တွေ မရှိကြဘူး ...
အရွယ်ရောက် လာ ကြတော့ ... ကိုယ်စီ အိမ်ထောင် ပြုလိုက်ကြတဲ့ အချိန်မှာ ပိုဆိုး သွားကြတယ် ...
ငါကိုယ်တိုင် လည်း အငယ်ဆုံး ဖြစ်ခဲ့ပေမဲ့ .. သူတို့ ကို ကြီးကြီး မားမား မကူညီ နိုင်ခဲ့ပါဘူး။
သူတို့ က လည်း ငါ့ ကို အငယ်ဆိုပေ မဲ့ ကြီးကြီး မားမား မကူညီ ခဲ့ပါဘူး ...
အမ ကြီး တယောက်သာ ... ပထမ တစ်ခေါက် မလေးရှား ကို လာစရိတ် မယူခဲ့ပါဘူး .... အဖေ လုပ်စာ နဲ့ မိသားစု မပြည့်စုံ တဲ့ အချိန်ကနေစ ပြီး ... မလေး ရှား ရောက်တဲ့ နေ့ အထိ .. အမ ကြီး ကျွေးခဲ့ တာပါ။
မိဘ ကျေးဇူး လည်း ဆပ်ခွင့် မရလိုက်ပါဘူး ...
ကျွေးကျေးဇူး ရှိခဲ့ တဲ့ အမ ရဲ့ ကျေးဇူး လည်း မဆပ်နိုင်သေးပါဘူး ...
လက်ရှိ အချိန်အထိ ... ပိုင်တာ ဆိုလို့  .. မိန်းမ တစ်ယောက် .. စိတ်ကူး နဲ့  အကြွေး သာ ရှိတဲ့ ..
သူ ပါ ။
Monday, February 20, 2012
အမျိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment