တိမ်တွေဟာ တရွေ့ ရွေ့  နဲ့ သွားနေကြတယ်။
လူတွေ ကလည်း ကိုယ်နဲ့ ဆိုင်ရာ ဘ၀ တွေမှာ တရွေ့ ရွေ့  နဲ့ တစ်ရက် ပြီး တစ်ရက် ဖြတ်သန်းသွားနေကြတာပါပဲ။
တချို့ ရက် တွေ မှာ ကောင်းတာ တွေ လုပ်ဖြစ် ခဲ့ ကြမယ်။
တချို့  ရက်တွေ မှာ မ ကောင်းတာ တွေ လုပ်မိချင် လုပ်မိ ခဲ့ ကြမှာ ပေါ့။
တချို့  လူ တွေ ဟာ သူတို့  ဘ၀ ခိုင်မာ မြင့်မားလာအောင် တရက် ချင်း တရက် ချင်း တည်ဆောက်သွားကြတယ်။
တချို့  လူတွေ ကျ တော့ မျှော်လင့်ချက် အကြီးကြီး တွေ၊စကားလုံး အကြီးကြီး တွေ နဲ့ အဝေးကြီး က မရောက်လာသေးတဲ့ အခွင့်အရေး
တစ်စုံ တစ်ရာ ကိုထိုင်စောင့် ရင်း တရက် ပြီး တရက် ဖြုန်းတီး လိုက်ကြတယ်။
တချို့ လူ တွေ က ရောက်လာတဲ့ နေ့ တွေ ကိုသူတို့ အတွက် သက်သက် ပဲ လို့  သဘောထားကြတယ်။
တချို့  လူတွေ ကတော့ ရောက်လာမဲ့ နေ့ တွေ ကို တခြား လူတွေ အတွက် အလုပ် လုပ်ပေး ဖို့  ကြိုဆို ကြတယ်။
တချို လူတွေ က နေ့ အသစ်မှာ အတွေ့ အကြုံသစ် တွေ ရှာ တွေ့ သွားကြတယ်။
(အာရေ ဘီ ယံ ၃၃)
ငါ ကိုယ်တိုင် က ရော .........
No comments:
Post a Comment